အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Thursday, December 24, 2009

လူ့အလို..

လူ့ဘဝဟူသည်
တိုတိုလေးဟု
ထင်မှတ်သော်ငြား
ရှည်လျားသံသရာ
ကြာညောင်းမှုကြောင့်၊
ခြေကုန်လက်ပန်း
မောနွမ်းနယ်၏
ငါ၏ အလို
ပြန်ပြင်မှသာ
ဖြစ်တော့မည်။
.

1 comment:

မောင်ကောင်း said...

လူ့အလိုတော့ ဘယ်သူမှမလိုက်နိုင်ဘူးအစ်မရေ.. ကိုယ့်အလိုကိုယ့်ဘာသာထိန်းမှပါပဲ.. ဟုတ်တယ်မှတ်လားအစ်မရေ..။ ကိုယ့်အလိုကိုယ့်ထိန်းပြီး ပြင်ဆင်နိုင်ပါစေ...။