အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Saturday, February 27, 2010

အမြတ်သီလ

တိုလှ လူ့ဘဝ

ဤကာလ ဝယ်

ဒါန သီလ ဘာဝနာ ဟု

မြတ်သောအကျင့်

ဤသုံးဆင့်ကို

စွဲမြဲလိုက်နာ ဆောင်ထားရန်

မြတ်ဘုရားက

မှာခဲ့တယ်…….။


ဒါနပါရမီဆိုတာ

မရှိမဖြစ်

ဖြည့်ကျင့်ကာ

လှူဒါန်းဖို့လဲ

လိုအပ်ပါတယ်…..။


ဘာဝနာတရား

ပွားများပြီးလည်း

သံသရာလွတ်လမ်း

လျှောက်လှမ်းဖို့လဲ

လိုအပ်ပါတယ်…..။


အရေးကြီးဆုံး

ဖြည့်ကျင့်ရမှာ

လောကီရတနာ

သီလလည်ဆွဲ

ရင်တွင်းစိတ်ဝယ်

အစဉ်စံပယ် ကိန်းဝပ်ပါလျှင်

သံသရာတလျှောက်

ကောင်းတာရောက်…….။


ရဟန်း ပြည်သူ မင်း ဟူသည်

သီလ လည်ဆွဲ တူယှဉ်တွဲခါ

စိတ်ဝယ်မြဲမြဲ အစဉ်ကိုင်စွဲပါ

ငြိမ်အေးသာယာ ပြည်မြန်မာ

ရောက်မည်မလွဲ သေချာပါ၏………..။
.

2 comments:

Anonymous said...

ဒါန သီလ ဘာဝနာလုပ်ဖို့ တိုက်တွန်းတဲ့ ကဗျာလေး လာဖတ်သွားတယ် ကောင်းဗျာ။

၀၀၀

ထိပ်ထား said...

မှတ်သားသွားပါတယ် မမ....