အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Saturday, November 14, 2009

အို.. တရားရှင်တို့ရယ်..

တရား တရား..
လိုက်စားကြ လူအများ..

သာသနာ ပြုနေတာလား.
သာသနာ ဖျက်ဆီးမိနေသလား..
မသိကြ လူအများ...

မသိလို့ လုပ်နေကြတာလား..
သိရက်နဲ့ တမင် လုပ်နေသလား..
ပြောရခက် လူအများ..

အရိုးစွဲနေတဲ့ အယူမှား..
ပြန်ပြင်ဆိုတော့ ပိုဖောက်ပြား.
ငရဲမကြောက်တဲ့ လူအများ...

ပြောလိုက်ရင် ဘုရား တရား..
လုပ်လိုက်ရင် သံဃာစော်ကား..
ဆုံးမခက် လူအများ...

အရူးအိမ်မက် တကယ်မှတ်လို့..
အကြောက်တရား စိတ်ဖောက်ပြားကာ..
ဘုန်းကြီးသပိတ်ဆွမ်းသွတ်တယ်တဲ့..
ကောင်းကြသေးလား တရားရှင်တို့ရယ်..

မလုပ်ကောင်းတာ အလုပ်ထူး
မကြောက်သင့်တာ တကယ်ကြောက်ရင်ဖြင့်
ကျေးဇူးဆိုတာပျောက်လို့.
သံသရာတလျှောက်
ကံမှောက်မှားပါလိမ့်မယ်..

ပြုသမျှကံ ပဲ့တင်သံတဲ့..
နာလိုက်တဲ့ တရား..
ဘယ်ဆီရောက်လို့ ပျောက်သွားသလဲ.
ဖြေကြပါဦး တရားရှင်တို့ရယ်...

သာသနာတည်တံ့ရေးထက်
အခုအချိန်မှာ အရေးကြီးတာ.
သာသနာ သန့်ရှင်းရေးပဲ......

အရည်အတွက် မလိုဘူး
အရည်အချင်း အဓိက..
နိဗ္ဗာန်မြင်ဖို့ထက်
အပါယ်ငရဲ မရောက်ရေးက
ပို အရေးကြီးတယ်လေး .......။
.

13 comments:

မောင်ကောင်း said...

သာသနာတည်တံ့ရေးထက်
အခုအချိန်မှာ အရေးကြီးတာ.
သာသနာ သန့်ရှင်းရေးပဲ......။

သာသနာတော်ကြီးသန့်ရှင်းမှ တည်တံ့မှာပါအစ်မရေ။
အခုလို သာသနာတော်ကို သန့်ရှင်းစေချင်တဲ့ စေတနာလေးကို ဘုရားသာဓုခေါ်မှာပါ။
ဘုရားသာဓုခေါ်တဲ့အလုပ်တွေကိုလည်း သူတော်ကောင်းတိုင်း သာဓုခေါ်မှာပါအစ်မရေ။ သာဓုပါဗျာ..။

C said...

ဒီနေရာလေး အမြဲလာဖတ်မယ်

သာသနာကို သန့်ရှင်းစေလိုတဲ့ စေတနာ ကောင်းတယ်

သာဓု......... ၃

ဦးလောကနာထ said...

တရားတော်များ လာဖတ်သွားပါတယ်...
သာသနာကိုးကွယ် အားထားသူများကို
သန့်ရှင်းစေလို မှန်ကန်စေလိုတဲ့ စေတနာကို ထင်ပေါ်စေတဲ့ ကဗျာလေးပါပဲ...
လုပ်ငန်းတိုင်းမှာ အကျိုးတရားတွေ ရှိနေပါတယ်...
မြတ်ဗုဒ္ဓ အဆုံးအမတွေကို သတ္တဝါအားလုံး ခံစား စံစားနိုင်ကြပါစေ...
မြတ်ဗုဒ္ဓ သာသနာကို ဗုဒ္ဓဘာသာဝင်အားလုံး စောင့်ရှောက်နိုင်ကြပါစေ...

မိသားစုအားလုံး ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၁.၁၅.၂၀၀၉

winmyint said...
This comment has been removed by the author.
winmyint said...

သံသရာ က သံတရာ ဖြစ်နေတာလေး စစ်ပေးပါအုံးနော..
စေတနာအားကောင်းပါတယ်...
မြက်ပင်များများရှင်းချင်ရင် ပေါက်တူးများများစုရပါမယ်.... သို့မဟုတ် အချိန်ယူပြီး ကိုယ့်ပေါက်တူးကို ကြီးအောင်
လုပ်သွားရပါမယ်..

ထက်စုနှင်းဆီ said...

ဟုတ်ကဲ့ ပြင်လိုက်ပါပြီ..
အခုလို ထောက်ပြတာ ကျေးဇူးတင်ပါတယ်..
ပေါက်တူးက ကြီးပြီး အသွားက တုံးနေမယ်ဆိုရင်... အရမ်းကြီး ကြီးသွားရင်လဲ စိတ်မပါတော့ဘူးဆိုရင်...
မနိုင်မနင်းဖြစ်နေမယ်ဆိုရင်....
ဘယ်လို လုပ်မလဲနော.....

အကောင်းဆုံးကတော့. အသွားထက်ထက် ပေါက်တူးသေးသေးလေးတွေကို များများရအောင် စုဖို့ပဲ လိုတော့တယ်လေ....

winmyint said...

ကြီးပြီးတော့ အသွားတုံးတာကို ပေါက်တုံးလို့ခေါ်ပါတယ်၊ အသွားထက်တာမှ ပေါက်တူးလို့ ခေါ်ပါတယ်။ ဥပမာ...အရှင်ဒေဝဒတ်ဟာ ပေါက်တုံးလို ဖြစ်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကတော့ ပေါက်တူးလို ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့မြတ်စွာဘုရားရှင်၏ သာဝကများဟာလည်း ကိုယ့်ပေါက်တူးကို အသွားသွေးလို့ ကိုယ့်အမှိုက်မြက်ပင်ကိုလည်း ရှင်း၊ ကျန်သူများကိုလည်း ပေါက်တုံးမဟုတ်ဘဲ၊ ပေါက်တူးဖြစ်ဖို့ ဟောကြားညွှန်ပြ၍ မြေကွက်ကိုသန့်ရှင်းစေလိုတဲ့ စေတနာကိုပြဋ္ဌာန်းပါတယ်။ ကျွန်တော်တို့လည်း မြေကွက်ကို သန့်ရှင်းစေချင်ရင် ပေါက်တူးဖြစ်အောင် ကျင့်ဖို့သာအဓိကလို့ ခံယူပါတယ်။

မောင်ကောင်း said...

ပေါက်တူးလည်းကြီးမယ်.. အသွားလည်း ထက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ..။ ပေါက်တူးကြီးသလောက်ကိုလည်း နိုင်နင်းဖို့ လိုအပ်ပါတယ်။ ပေါက်တူးကြီးကြီးကိုနိုင်ဖို့ အားတွေမွေးထားရပေမပေါ့..။
ရှုပ်နေတဲ့ မြက်ပင်မြက်ရိုင်းတွေ သေချာရှင်းလင်းနိုင်ပါစေလို့ ဆန္ဒပြုလျှက်..။ ပေါက်တူးကြီးကြီး အသွားထက်ထက်ကို နိုင်နင်းစွာကိုင်တွယ်နိုင်ပါစေလို့ ...။

ထက်စုနှင်းဆီ said...

ပေါက်တူးကြီးလို့ မနိုင်မနင်းတာ မဟုတ်ပါဘူး.
ပေါက်တူးကြီးတဲ့ အထိစောင့်ရလို့ ပိုဆိုးလာမယ့် အခြေအနေကို မနိုင်မနင်း ဖြစ်မှာစိုးလို့ပါ...
ပြီးတော့ ပေါက်တူး အရမ်းကြီးသွားတဲ့အခါ မည်သည်အရာကိုမျှ စိတ်မဝင်စားတော့ပဲ ကိုယ့်အရေးကိုယ့်အကြောင်းကိုပဲ အာရုံစိုက်တတ်တော့ပါတယ်......
ပေါက်တူးတိုင်းက မထက်ပါဘူး.. ထက်တဲ့ ပေါက်တူးကပဲ ထက်တတ်ပြီး... သေးတဲ့ပေါက်တူးက ပိုထက်တာလဲ လူတိုင်းအသိပါ... ကြီးလာတာနဲ့ အမျှ.. တုံးတုံးလာတယ်လေ.. ဖြေရှင်းရတာ မောလိုက်တာ...

Unknown said...

Very nice message for all normal people in Burma. For my viewing, all people who are puhtusins except ariyas who already had gotten Sotapatti Magga can be wrong. Instead of saying sins, if we put right knowledges in normal people as much as we can, it is better, my sis. As much as I know, most of monks and laymen who are dhamma scholars in Burma have been talking dhamma attacking other dhmamma scholars. For those scholars, they can be gotten kilaysas. For normal people viewing and listening those talks, will be gotten only kilaysas. So let's put right dhammas in normal people don't care adhamma wadis.

အောင်ဦး said...

ကဗျာကို ၂ခါလောက်ဖတ်ဖြစ်ပါတယ်။
မွှေးသောပန်းတိုင်လည်း မလှကြလေပြီ။ လှသောပန်းတိုင်လည်း မမွှေးတတ်ပေသည်။ ဒါက မြင်တွေ့နေရတဲ့ ပန်းလေးတွေကို ပုံဖော်ကြည့်တာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းစေချင်တဲ့ စေတနာ၊ သာသနာနဲ့ပတ်သတ်ရင် အလွဲအမှားဖြစ်နေတာတွေကို နည်းနည်းမှ ကြည့်မနေနိုင်တဲ့ စိတ်ကို မြင်သာပါတယ်။
ပေါက်တူးတိုင်း မထက်သလို၊ ထက်တဲ့ ပေါက်တူးတိုင်းလည်း မပေါက်ဖြစ်တာရှိပါတယ်။
ထက်ပြီးတော့ မပေါက်ပြန်တော့လည်း ကြာရင် တုံးသွားတယ်။ ပေါက်တူးဆိုတာက ပေါက်လေ ထက်လေပါ။
မထက်သေးပေမယ့် ပေါက်ရင်း ထက်လာတတ်တယ်။ မပေါက်ပဲ ထက်နေတာ ထက်၊ မထက်ပေမယ့် ပေါက်နေဖို့ ပိုပြီး အရေးပါပါတယ်။ ပေါင်ရင်းနဲ့ ထက်လာမှာပေါ့။ ဒီလိုဆိုရင် ပေါင်းလည်း ရှင်းသလို အသွားလည်း တခါတည်း ထက်သွားနိုင်တယ်။
မြေကြီးရှိလို့ မြက်တွေ ရှင်သန်နိုင်သလို ပေါက်တူးရှိလို့လည်း ပေါက်ခုတ်ထွင် ဖြစ်ကြတာပါ။ မြေကြီးကတော့ သူ့ပေါ်မှာ ပေါက်နေလို့လည်း မကောင်းဘူးဆိုပြီးတော့ မငြီးငြူဘူး။ သူ့ကို ပေါက်လို့လည်း မတုန့်ပြန်ဘူး။
မတုန်မလှုပ် သီးခံရှာလေတယ်။ နောက်ဆုံးတော့လည်း သက်ရှိ သက်မဲ့ အရာဝတ္ထုအားလုံးဟာ မြေကြီးအောက်မှာ ၀ပ်ဆင်းသွားကြရတာပါပဲ။ ဒါကြောင့်မလို့ မြေကြီးကို ပမာပြုပြီး ခန္တီတရား လက်ထိုင်းထားကာ မေတ္တာကို အဖော်ပြုလို့ ရည်မှန်းချက်ကို တတ်လှမ်းနိုင်ပါစေလို့… ဆုမွန်ကောင်းတောင်း မိပါတယ်။

C said...

ကဗျာလေး ထပ်ပြီးဖတ်
ကွန်မင့်တွေလည်း ဖတ်လို့ကောင်းပါတယ်
ထပ်ဖတ်လေ စာရေးသူ စေတနာတွေ ပေါ်လေပါပဲ

ပေါက်ရင်ပေါက်ရင်း တုံးသွားတဲ့ ပေါက်တုံးတွေနဲ့
ပေါက်ရင်ပေါက်ရင်း ပဲ့သွားတဲ့ ပေါက်ပဲ့တွေကို
ကောင်းစေလိုတဲ့ စေတနာတွေ မြင်နေရတယ်

ငတို့လည်း လာပြီးသွေးနေရတာပ
ဒီနေရာလေးလဲ ကျေးဇူးတင်ပါတယ်

ကိုယ့်တိုင်ကျင့်ပြီး
သူတစ်ပါကိုလည်း ကျင့်စေလိုတဲ့ စေတနာကို
သာဓု သုံးကြိမ် ခေါ်သွားပါရဲ့

tint said...

ဟားဟား
ဒေါ်ထက်စုတော့ စေတနာက အမြဲ အပြည့်ဘဲ ။
ရှင်းရတာမောတာကတော့ အရှင်းခံက သူ့ ဟာသူ လည်နေတာကိုးဗျာ ။
:P