အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Wednesday, October 21, 2009

အရှင်မြတ်သို့....

ကဲ့ရဲ့တင်းဆို
ရန်ငြိုးသိုလျက်
အပြစ်မြင်လဲ
ဆရာ မလုပ်၊ ဆရာဟုတ်တာ
တပည့်တော်တို့ သိပါတယ်..
အရှင်ဘုရား….။

အတိတ်ဝဋ်ကြွေး
ဝိပါတ် ကံကြမ္မာ
ဘယ်ရှောင်မရ
အဟောင်းပေးသူ ဆရာရှင်နှင့်
အသစ်ယူသူ ထိုလူမိုက်တို့
လားရာမတူ ဆန့်ကျင်မူကို…
သူတော်ကောင်းတိုင်း သိပါတယ်….
အရှင်ဘုရား….။

ဆရာလျှောက်လှမ်း မဂ္ဂင်လမ်း
သူတို့လားရာ အပယ်လမ်းပါ
ခန္ဓာနဲ့ရင်း ပေးဆပ်ရတာ...
ပါးစပ်ကတရား လက်က ကားရား
အမြဲလုပ်သူ ထိုလူမိုက်တို့..
ဘုရားရှင်ချွတ်တောင် မကျွတ်နိုင်တာ..
လူတိုင်းနီးပါး သိပါတယ်..
အရှင်ဘုရား…။

တပည့်တော်တို့
ကံသုံးပါးနှင့် ပြစ်မှားမိသည်
ရှိခဲ့ပါသော်…
သည်းခံခွင့်လွှတ် ပေးတော်မူပါ..
အရှင်ဘုရား…။

အရှင်ပြုခဲ့ ဓမ္ဓကုသိုလ်
မြတ်ဘာဝနာကြောင့်
မြင့်မြတ်ဘုံဘဝ စံစားရမှာ
ခံစားသိနှင့် သိနေပါသည်…
အရှင်ဘုရား…..။

(၁၀.၂၁.၂၀၀၉ တွင် ပျံလွန်တော်မူသွားသော အရှင်ပုညနန္ဒသို့ ရည်စူးလျက်….)

ရေးသားသူ
ထက်စုနှင်းဆီ (၁၀.၂၁.၂၀၀၉)


4 comments:

U Lawkanartha said...

အများနဲ့မတူ တမူထူးတဲ့ ငါ့ရှင်ပုညရယ်...
သူတော်ကောင်းတို့ ရောက်ရာအရပ်သို့...
ပြန်နှင့်ပါတော့ ဆရာတော်ဘုရားရယ်...
နေ့စဉ်နေ့တိုင်း ပွားများနေပါတယ်...
မကြာမှီ တပည့်တော် လိုက်လာခဲ့မယ်...

ဦးလောကနာထ
၁၀.၂၁.၂၀၀၉

မောင်ကောင်း said...

ကောင်းမွန်တဲ့ ပိုစ့်လေးတစ်ခုပါပဲ....
မှတ်သားစရာပါပဲအစ်မရေ..
သာသနာအကျိုးကို မိမိတတ်နိုင်တဲ့ ဘက်ကသယ်ပိုး ဆောင်ရွက်ပြီး မိမိရည်မှန်းရာပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေ အစ်မ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ....။
ဆရာတော်ဦးလောကရဲ့ ဓမ္မစကားလေးကလည်း မှတ်သားစရာပါပဲ.. ဆရာတော်ကိုလည်း ရှိခိုးဦးတင်ပါတယ်...။ ဆရာတော်ဘုရား ကျန်းမာချမ်းသာပါစေ...။

အောင်ဦး said...

လာရောက်ဖတ်မှတ်ပါတယ် အစ်မ။
သာသနာ အကျိုး မိမိအကျိုးကို ဆက်လက်ဆောင်ရွက်နိုင်ပါစေ...

Anonymous said...

မထက်စုရေ။

စိတ်မကောင်းစရာ ကဗျာလေးပါပဲ။ ဒါပေမယ့် သူတော်ကောင်းတစ်ယောက်ကို ကဗျာနဲ့ နောက်ဆုံး နှုတ်ဆက်ပူဇော်ခြင်းမို့ မွန်မြတ်တဲ့ အလုပ်ပါ။