အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Saturday, August 29, 2009

သဒ္ဓါနှင့်ပညာ ညီမျှပါ….

သဒ္ဓါပိုပြီး၊ ပညာလိုရင်တော့…
အကြောင်း အကျိုးမညှိ
အကောင်း အဆိုးမသိ
အမှား အမှန်မရှိ..
ဝေဖန်ပိုင်းခြားမှု အားနည်း..
ဝါဝါမြင်တိုင်း ရွှေထင်မှတ်..
တောက်ပြောင်တိုင်း စိန်မြင်တတ်..
မျက်ကန်းပမာ ဆင်စမ်းနေသလို..
သဒ္ဓါလွန်က တဏှာကျွံတတ်တယ်နော်…..။

ပညာဆန်းပြီး၊ သဒ္ဓါကန်းရင်တော့…
ဘုရားထက် ပိုတတ်ပိုသိ..
တရားစစ်ကို ဖျက်စီးမိ…
သံဃာများကိုကျော်ကာ ရိတိတိ..
ရတနာသုံးပါး စော်ကားကြည့်..
အဝိဇ္ဇာအမှောင်ဖုံး
သံသရာတလျှောက်လုံး..
တရားအသိဥာဏ်ပါဆုံး.
ပညာလွန်က ကောက်ကျစ်တတ်တယ်နော်……။

သဒ္ဓါပိုရင် ပညာနဲ့ညှိ..
ပညာဆန်းရင် သဒ္ဓါနဲ့ကြည့်..
လိုတိုး ပိုလျှော့ ညှိနိုင်မှသာ..
အိနြေ္ဒဆိုတာပေါ်လာနိုင်မယ်..
သဒ္ဓါနှင့်ပညာ ညီမျှပါ………။


1 comment:

မောင်ကောင်း said...

လာလည်ပါတယ် အစ်မထက်စုနှင်းဆီ..
လင့်အသစ်နဲ့လာလည်ပေးပါဦး..
www.dhammamittar.com
အစ်မလိုချင်တဲ့ ဘုရားပုံတော်လေး လိုချင်ရင် ပို့ ပေးပါ့မယ်.. လိပ်စာလေးထားပေးခဲ့ပါအစ်မ..