ဆည်းကပ်သင့်သော ဆရာကောင်း၏ အင်္ဂါလက္ခဏာများမှာ..
ရိုသေ ချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်
လွဲမိုက်ဆုံးမ၊ မေးသမျှခံ
ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍
ကျိုးနည်းမတန်း၊ ခုနှစ်ခန်းနှင့်
ပြည့်လျှမ်းညီညာ၊ ဤဆရာ
ဖွေရှာတပည့်ခံ။
(မန်လည်ဆရာတော်ဘုရား ဖွဲ့ဆိုခဲ့ခြင်းဖြစ်ပါသည်။)
၁) ရိုသေထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၂) ချစ်ခင်ထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၃) ချီးမွမ်းထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၎) မိမိ၏လွဲမှားမှု၊ မိုက်မဲမှုကို ဆုံးမခြင်း
၅) မိမိမေးသမျှကို ဖြေဆိုနိုင်ခြင်း
၆) နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ခြင်း
၇) အကျိုးနည်းသော အလုပ်များကို တားမြစ်ဲ၍ အကျိုးရှိသောအလုပ်များကို ညွှန်ပြနိုင်ခြင်း
ဂုဏ်လေးပါး -
၁) ဒါန - လောဘမကြီးဘဲ ပေးကမ်းစွန့်ကြဲသူ ဖြစ်ရမည်။
၂) ပေယျဝိဇ္ဇ - ဒေါသမကြီးဘဲ မေတ္တာနှင့် ယှဉ်သည့် ချစ်ခင်ဖွယ်ရာစကားရှိရမည်။
၃) အတ္တစရိယာ - တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမည်။
၎) သမာနတ္တတာ - မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမည်။
(အရှင်ဇဝန - မေတ္တာရှင်၏ ဆရာကောင်းကို ရှာဖွေခြင်းစာအုပ်မှ ကောက်နှုတ်ချက်)
.
Ultimate Gateway to Myanmar Vippassana Dhamma Talks, Dhamma MP3, Dhamma
Ebooks, Dhamma Videos
-
(မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ
၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသောဒါနတို့တွင်
ဓမ...
6 years ago
3 comments:
ဆရာကောင်းတော့မဟုတ်ပါဘူး.. မောင်ကောင်းစာလာဖတ်သွားပါတယ်... ။
ဆရာကောင်းအဂါရပ်တွေက တကယ်သိသင့်တဲ့အချက်တွေပါပဲ...
ဖတ်မှတ်သွားပါတယ်။ http://jjqqyy.mylovecafe.com ကို အားရင် အလည်လာခဲ့ပါ
ခွင့်ပြုချက်မတောင်းပဲ ကူးယူဖော်ပြသည်။ မိမိကိုယ်တိုင် လေ့လာဖို့နဲ့ ပတ်ဝန်းကျင် လေ့လာစေချင်လို့ပါ။ ကျေးဇူးပါ။
Post a Comment