အသိပညာ များသော်ငြားလည်း
မိုက်မဲကောက်ကျစ် အမှောင်ထုဝယ်
လောဘ ဒေါသ သံသရာတွင်း
ဝဲစုပ်လည်လည် ငါမာနနှင့်
မမြင်မောဟ မရှိလိမ္မာ...
သိလေဟန်နှင့် ဟန်ဆောင်လောက
လွန်ကြွယ်ဝ၏ ထိုထိုဘဝ
ပေါများလှ။
မကောင်းမှုရှောင် ကောင်းမှုဆောင်ဟု
တွင်တွင်ပြောကြား လျှာနှုတ်ဖျားဝယ်
လက်တွေ့ဘဝ မကျင့်သုံးကြ
ပါးစပ်တရား လက်ကားရားနှင့်
မရှိသတိ မသိသာသနာ
တတ်လေဟန်နှင့် အတုအယောင်
ပေါကြွယ်ဝ၏ ထိုထိုအတန်းအစား
လွန်များလှ။
အသိသာရှိ သတိမရှိ
ကောက်ကျစ်စိတ်ထားညံ့...
သတိသာရှိ အသိမရှိ
လူလိမ်ခံရတတ်...
အသိနှင့်သတိ တန်းတူမျှ
သာသနာကောင်းကျိုးရ။ ။
.
Ultimate Gateway to Myanmar Vippassana Dhamma Talks, Dhamma MP3, Dhamma
Ebooks, Dhamma Videos
-
(မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ
၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသောဒါနတို့တွင်
ဓမ...
6 years ago
5 comments:
ဟုတ်ပါ့ဗျာ.. အသိနဲ့အကျင့်ထပ်တူမကျရင်တော့ ဘာတရားမှလည်းရှိလာမှာ မဟုတ်နိုင်ပါဘူး။ သိသာသိပြီး အကျင့်မပါရင် ရေပေါ်အရုပ်ဆွဲသလို ဖြစ်သွားမှာပါ။ သတိပညာပေးပိုစ့်လေးအတွက် ကျေးဇူးပါ..။
အသိသာရှိ.. သတိမရှိ....
အင်း.. သိပ်ကောင်းပါတယ် မမရေ...
အသိနဲ့ သတိ ထပ်တူကျရမှာပေါ့..
မေတ္တာဖြင့်
ထိပ်ထား
Sis, You wrote this poem ? Let me share on my blog. I also presenting အသိ and သတိ
I really like your blog and Dhama aricles.
Shell we exchange blog link?
Thanks alot
http://www.forshwemyanmar.co.cc
ကဗျာအောက်မှာ မထက်စုနှင်းဆီ အမည်နှင့် blog လင့်ခ်ပါတင်ပေးထားပါတယ်။ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ကျန်းမာပါစေ။
sorry နော်.. အပေါ်မှာ ရေးထားတဲ့ကွန်မန့်ကို ခုမှ ဖတ်မိလို့၊ ခွင့်တောင်းထားတာ မသိလိုက်တာပါ။ ကဗျာတွေ ယူသုံးလို့ရပါတယ်။ Share ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။
Post a Comment